1043

မိုးကုတ်ကို စစ်ကောင်စီတပ်မှ လေ ကြောင်းဖြင့် ပေါင်(၂၅ဝ) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
01 May 2025

မိုးကုတ်ကို စစ်ကောင်စီတပ်မှ လေ ကြောင်းဖြင့် ပေါင်(၂၅ဝ) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်

မိုးကုတ်၊ မေလ ၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့နယ်ကို စစ်ကောင်စီတပ်မှ လေ ကြောင်းဖြင့် ပေါင်(၂၅ဝ)ဗုံး (၂)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဧပြီလ (၃ဝ)ရက် ည  (၈း၃ဝ)နာရီအချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိုးကုတ်မြို့အ နောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားတွင်ဗုံးများ လာရောက်ကြဲချခဲ့ပါသည်။

ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်လည်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှ လေ‌ ကြောင်းဖြင့် အဆိပ်ငွေ့ဗုံး (၁၁)လုံးနှင့် (120 MM)လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင် အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် မိဘပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိဦးတည်ပြီးဗုံးကြဲချခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေပါသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်ကို စစ်ကောင်စီတပ်မှ လေ ကြောင်းဖြင့် ပေါင်(၂၅ဝ) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်