နမ့်ဆန်တွင် သက်ငယ်မုဒိန်းကျူးလွန်ခဲ့သည်ဟု သံသယရှိသူ အမျိုးသားတဦးကို ဖမ်းဆီးထားပြီး အရေးယူရန်ပြင်ဆင်နေ
နမ့်ဆန်၊ ဧပြီလ ၂၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နမ့်ဆန်မြိုနယ်ရှိ ကျေးရွာတစ်ရွာတွင် သက်ငယ်မုဒိန်းကျူးလွန်ခဲ့သည်ဟု သံသယရှိသူ အမျိုးသားတဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားပြီး အရေးယူရန်ပြင်ဆင်နေပါသည်။
ပြီးခဲ့သည့် ဧပြီလ (၁၈)ရက်တွင် အသက် (၅)နှစ်အောက် ကလေးငယ်တစ်ဦးကို အစ်ကိုဝမ်းကွဲတော်စပ်သူတစ်ဦးမှ အဓမ္မပြုကျင့်ခဲ့သည့်အမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်ထားသူ ယူဆသည်ဟု သံသယရှိသူ ထိုအမျိုးသားကို သွားရောက်ဖမ်းဆီးခဲ့ပါသည်။ ၎င်းအမှုနှင့်ပတ်သက်ပြီး ထိုအမျိုးသားကိုလည်း မြို့နယ်ရဲတပ်ဖွဲ့မှ အမှုမှန်ပေါ်ပေါက်ရေး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။
ကျူးလွန်ခံခဲ့ရသော နစ်နာသူကလေး၏ မိဘများကိုလည်း တအာင်းပြည် ရဲတပ်ဖွဲ့မှ ပူးပေါင်းပြီး အမှုမှန်ပေါ်ပေါက်လာစေရန်နှင့် တအာင်းပြည် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက်ဆောင်ရွက်နေပါသည်။
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ