988

မန်တုံမြို့တွင် PSLF/TNLAဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းကာ ရေချောင်းအတွင်းရှိအမှိုက်များကို သန့်ရှင်းရေးပြုလုပ်

ဒေသတွင်းသတင်း
08 April 2025

မန်တုံမြို့တွင် PSLF/TNLAဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းကာ ရေချောင်းအတွင်းရှိအမှိုက်များကို သန့်ရှင်းရေးပြုလုပ်

မန်တုံ၊ ဧပြီလ ၈ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မန်တုံမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှစုပေါင်းပြီး ရေချောင်းအတွင်းရှိအမှိုက်များကို သန့်ရှင်းရေးပြုလုပ်ခဲ့သည်။






ထို့ရေချောင်းသည် နှစ်စဥ်နှစ်တိုင်းမိုးရာသီရောက်လာလျှင် ‌ရေကြီးရေလျှံဖြစ်ပွားလာတက်သော‌ကြောင့် မန်တုံမြို့ရှိ   ဌာနဆိုင်ရာများမှ ဦးဆောင်ပြီး ထိုသို့မဖြစ်ပွားလာစေရန် ရည်ရွယ်ကာ ယခုခြောက်သွေ့သောကာလတွင်ပြည်သူလူထုများနှင့်အတူစုပေါင်းသန့်ရှင်း‌ရေး ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။




၎င်းရေချောင်းအတွင်းရှိအမှိုက်များ၊ သဲများ၊ ဘေးတွင်ပေါက်နေသည့် အပင်များနှင့် သစ်ကိုင်းများကို ပြီးခဲ့သည့်
ဧပြီလ (၂)ရက်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများ စုစုပေါင်းလူဦးရေ (၂ဝဝ)ဦးတို့မှ ပူးပေါင်းပါဝင်ပြီး ပြုလုပ်သွားခဲ့ပါသည်။

အဆိုပါမြစ်ချောင်းအား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ (၂၂)ရက်လည်း မန်တုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး‌ရေလျှံမှုဖြစ်ပွားကာ ပြည်သူလူထုများ၏ပစ္စည်းအများအပြား ဆုံးရှုံးသွားခဲ့ပြီး လမ်းပေါ်တွင်လည်း ရေကြီးရေလျှံဖြစ်ပွားခဲ့ပါသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြို့တွင် PSLF/TNLAဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းကာ ရေချောင်းအတွင်းရှိအမှိုက်များကို သန့်ရှင်းရေးပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်