987

နမ့်ဖတ်ကာတွင် အိမ်စီးကားတစ်စီးသည် ရပ်နေသည့်ကားတစ်စီးကိုဝင်တိုက်ရာတွင် အမျိုးသမီးတစ်ဦးမှ ပြင်းထန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
08 April 2025

နမ့်ဖတ်ကာတွင် အိမ်စီးကားတစ်စီးသည် ရပ်နေသည့်ကားတစ်စီးကိုဝင်တိုက်ရာတွင် အမျိုးသမီးတစ်ဦးမှ ပြင်းထန်ဒဏ်ရာရ


နမ့်ဖတ်ကာ၊ ဧပြီလ ၈ရက်
တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာမြို့ နတ်စင်အနီး၌ အိမ်စီးကားတစ်စီးသည် ရပ်နေသည့်ကားတစ်စီးကို ဝင်တိုက်ရာတွင်
အမျိုးသမီးတစ်ဦးမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။





ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဧပြီလ (၆)ရက် ညနေ (၃:၃၀)နာရီအချိန်တွင် အသက် (၄၆)နှစ်အရွယ် စိုင်းကျော်သန်းမှ မောင်းနှင်းလာသည့်ကားသည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးPSLF/TNLA၏ စစ်ဆေး‌ရေးဂိတ်အနားတွင် ရပ်နေသည့် (၁၂)ဘီးကားတစ်စီးကို ဝင်တိုက်သွားခဲ့သည်။

ထိုကားအတွင်းတွင် မိသားစုဝင် (၅)ဦးရှိခဲ့ပြီး ၎င်း၏ယောက္ခမဖြစ်သူ ဒေါ်မြအုံမှ ဦးခေါင်း၊ မျက်နှာနှင့် ဘယ်ဘက်လက်တွင် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီးဆေးကုသရန် နမ့်ဖတ်ကာမြို့နယ် တအာင်းပြည်ရဲတပ်ဖွဲ့မှ ပို့ဆောင်ပေးခဲ့သည်။





ပြီးခဲ့သည့် မတ်လ (၂၂)ရက်လည်း မန်တုံမြို့အဝင်တွင် မီးသွေးတင်ဆောင်လာသည့်ကားတစ်စီးသည်  ဘရိတ်ပေါက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဖတ်ကာတွင် အိမ်စီးကားတစ်စီးသည် ရပ်နေသည့်ကားတစ်စီးကိုဝင်တိုက်ရာတွင် အမျိုးသမီးတစ်ဦးမှ ပြင်းထန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်