985

အပစ်ရပ်ကြေညာခဲ့သော စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
06 April 2025

အပစ်ရပ်ကြေညာခဲ့သော စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်

တအာင်းပြည်၊ ဧပြီလ ၆ရက်
တအာင်းပြည်သတင်း

စစ်ကောင်စီတပ်သည် ဧပြီလ (၂)ရက်မှ (၂၂)ရက်အထိ အပစ်ရပ်ကြေညာခဲ့သော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဖြစ်စဉ်တွင် ဧပြီလ (၅)ရက် ည (၁၀း၁၁) မိနစ်၀န်းကျင်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြိုနယ်၊ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၃)ကြိမ် လာရောက်ကြဲချခဲ့သည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့်နေအိမ် (၄)လုံး ထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့သည်။





အလားတူ ယမန်နေ့လည်း စစ်ကောင်စီတပ်သည် မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင်အောက်အနီးတွင် နေ့လယ် (၂း၂၀)နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။

အပစ်ရပ်ကြေညာခဲ့ပြီးနောက် ဧပြီလ (၃)ရက်တွင် သပိတ်ကျင်းမြို့နယ် (၇)မိုင်တွင်လည်း ဂျက်ဖိုက်တာဖြင့် (၄)ကြိမ်၊ ဗုံး (၈)လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့သည်။




စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ် (၃)ဖွဲ့မှ တစ်ဖက်သက်အပစ်ရပ်ကြေညာပြီးနောက်တွင်  အင်အားများ ဖြည့်တင်းခြင်း၊ တိုက်ပွဲများအတွက် ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲများမဖြစ်ပွားခဲ့သောနေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပါသည်။

ပြီးခဲ့သည့် မတ်လ (၂၈)ရက်တွင် မြန်မာနိုင်ငံတွင် ပြင်းအား ၇.၇ရှိသည့်ငလျင်လှုပ်ခတ်နေချိန် နေ့လယ် (၁း၀၅)နာရီအချိန်လည်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့်  နောင်လင်ကျေးရွာအတွင်း ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ဒေသခံနေအိမ် (၃)လုံးနှင့် စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးခဲ့သည်။

မြန်မာနိုင်ငံတဝန်းတွင် လက်ရှိချိန်ထိ ငလျင်ကြောင့် ဧပြီလ (၃)ရက်အထိ  သေဆုံးသူ (၃၀၈၅)ဦး၊ ဒဏ်ရာရသူ (၄၇၁၅)ဦးနှင့် ပျောက်ဆုံးနေသူ (၃၄၁)ဦးအထိ ရှိခဲ့ပြီးဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: အပစ်ရပ်ကြေညာခဲ့သော စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်