979

ကွတ်ခိုင်တွင် နေအိမ် (၂)လုံး မီးလောင်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
04 April 2025

ကွတ်ခိုင်တွင် နေအိမ် (၂)လုံး မီးလောင်မှုဖြစ်ပွား


ကွတ်ခိုင်၊ ဧပြီလ ၄ရက်

တအာင်းပြည်သတင်း


တအာင်းပြည်နယ်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်တွင် ဆိုလာပြာမီးမှတစ်ဆင့် ဝါယာကြိုး‌ရှော့(စ်)

ဖြစ်ကာ နေအိမ် (၂)လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဥ်တွင် ယနေ့ နံနက်ပိုင်း (၁၁း၄၀)နာရီအချိန်တွင် ကွတ်ခိုင်မြို့၊ ရပ်ကွက် (၅)ရှိ ဦးဟွေရွှေတာနှင့် ဒေါ်ရွယ်ကြည်တို့၏နေအိမ် မီးလောင်သွားခဲ့သည်။





၎င်းတို့၏ နေအိမ်အတွင်း ပစ္စည်းအများအပြား မီးလောင်ကျွမ်းသွားခဲ့ပါသည်။ ထို့နောက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ကွတ်ခိုင်မြို့နယ် မီးသတ်ဖွဲ့မှ မီးသတ်ကားနှင့်အတူ နေ့လယ် (၂း၃၀)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။





အလားတူ ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စု ဟိုခိုကျေးရွာတွင် မီးအကြွင်းအကျန်မှတစ်ဆင့် နေအိမ် (၁) လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။


ယခုကာလတွင် ခြောက်သွေ့ရာသီဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် လိုအပ်သည်။ နေအိမ်ပတ်ဝန်းကျင်အတွင်း ရေနံဆီ၊ ဓာတ်ဆီ စသည်တို မီးစွဲလောင်မှုလွယ်ကူစေသော အိမ်တွင်းပစ္စည်းများ စက္ကူနှင့် အဝတ်စများ၊ သစ်၊ ဝါး၊ ဓနိ၊ သက်ကယ်စသော လောင်စာများဖြစ်သဖြင့် မီးကို အထူးသတိပြုရမည် ဖြစ်သည်။ 





ထို့အပြင် နေအိမ်အတွင်း  မီးလောင်မှုများ မဖြစ်ပွားစေရန်အတွက် မီးများအသုံးပြုပြီးသွားပါက သေချာစွာ မီးငြိမ်းပေးရန်နှင့် လျှပ်စစ်မီးအသုံးပြုလျှင် မီးခလုတ်များကို သေချာစီစစ်ပြီး ပိတ်ထားကြရန် တိုက်တွန်းအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်တွင် နေအိမ် (၂)လုံး မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်