တအာင်းပြည်လူဝင်မှုကြီးကြပ်ရေးဌာနမှလိုအပ်နေသော ဝန်ထမ်း (၁၀၀)ဦး ခေါ်ယူသွားမည်
တအာင်းပြည်၊ ဧပြီလ ၃ရက်
တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာန (Ta'ang
Land Immigration Department )အနေဖြင့် တအာင်းပြည်၏ လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ စတင်လုပ်ကိုင်နိုင်ရန် လိုအပ်နေသော ဝန်ထမ်း (၁၀၀)ဦး ခေါ်ယူသွားမည်ဖြစ်သည်။
တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာနသည်
တအာင်းပြည်အတွင်းရှိ မိဘပြည်သူများ၏ လုံခြုံရေး၊ တိုးတက်ဖြိုးရေးကိစ္စရပ်များကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းများကို
အရှိန်မြှင့်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေပါသည်။
ထိုကြောင့် PSLF/TNLAအုပ်ချုပ်သော မြို့နှင့်ကျေးရွာအတွင်းရှိ မိဘပြည်သူလူထုများကို လူဦးရေစီစစ်ပြီး
အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်း၊ ပြည်နယ်သားမှတ်ပုံတင် စီစစ်ထုတ်ပေးခြင်းနှင့်နိုင်ငံသား(ဧည့်ပြည်နယ်သား) စီစစ်သတ်မှတ်ခြင်းလုပ်ငန်းများ
ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုကြောင့် လူမျိုး၊ ဘာသာမရွေး သတ်မှတ်ထားသည့် အရည်အချင်းပြည့်မှီသူများလာရောက်လျှောက်ထားနိုင်ပါသည်။
အဆိုပါ တအာင်းပြည်လူဝင်မှုကြီးကြပ်ရေးဌာနသည် ၂၀၁၆ ခုနှစ်ကတည်းက PSLF၏ အထွေထွေအုပ်ချုပ်ရေးဌာနတွင် အစပြုသန္ဓေတည်ပြီး လုပ်ငန်းများ
လုပ်ဆောင်ခဲ့ပါသည်။ အလားတူ ၂၀၂၁ ခုနှစ်တွင် တာဝန်ထမ်းဆောင်သည့်ဝန်ထမ်းလူအင်အားများ တိုးချဲ့ပြီး လုပ်ငန်းများ အရှိန်မြှင့်တင်လည်ပတ်ခဲ့ရာမှ ၂၀၂၄
ခုနှစ် နှစ်ပတ်လည် အစည်းအဝေးတွင် အဖွဲ့အစည်း၏ လုပ်ငန်းသစ်တစ်ခုအဖြစ်အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ