971

မတ်လအတွင်း ကျေးရွာပေါင်း (၅၁)ရွာကို PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
04 April 2025

မတ်လအတွင်း ကျေးရွာပေါင်း (၅၁)ရွာကို PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့


တအာင်းပြည်၊ဧပြီလ ၃ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် မတ်လတစ်လအတွင်း ကျေးရွာပေါင်း (၅၁)ရွာရှိ ဒေသခံပြည်သူများထံ  အသိပညာပေးမှုများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။


ထိုအသိပညာပေးမှုကွင်းဆင်းရာတွင် သီပေါမြို့နယ်ရှိ ကျေးရွာ (၉)ရွာ၊ မိုင်ငေါ့မြို့နယ်ရှိ ကျေးရွာ (၉)ရွာ၊ နမ့်ဆန်မြို့နယ်ရှိကျေးရွာ (၁)ရွာ၊ ကျောက်မဲမြို့နယ်ရှိ ကျေးရွာ (၁၁)ရွာနှင့် မိုင်းလုံမြို့နယ်ရှိကျေးရွာ (၂၁)ရွာတို့ကြသည်။


အဆိုပါမြို့နယ် (၅)ခုမှ ဒေသခံပြည်သူစုစုပေါင်း လူဦးရေ (၂၂၁၈)ဦးကို အိမ်တွင်းအကြမ်းဖက်မှုနှင့် အမျိုးသမီးနှင့်ပညာ‌ရေး စသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။

PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းလည်း နမ့်ဆန်၊ နမ္မတူမြို့နယ်နှင့် ကွက်ခိုင်မြို့နယ်ရှိ ကျေးရွာ (၂၀)ရွာရှိ ဒေသခံစုစုပေါင်း လူဦးရေ (၉၅၉)ဦးအား အသိပေးပညာပေး ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မတ်လအတွင်း ကျေးရွာပေါင်း (၅၁)ရွာကို PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်