956

မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်နေချိန် လူသားချင်း စာနာထောက်ထားသောအားဖြင့် တအာင်းပြည်အတွင်း သင်္ကြန်ပွဲတော် မကျင်းပရန် ဗဟိုအုပ်ချုပ်ရေးဌာနမှ စာထုတ်ပြန် ညွှန်ကြား

ဒေသတွင်းသတင်း / ဒေသတွင်း
01 April 2025

မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်နေချိန် လူသားချင်း စာနာထောက်ထားသောအားဖြင့် တအာင်းပြည်အတွင်း သင်္ကြန်ပွဲတော် မကျင်းပရန် ဗဟိုအုပ်ချုပ်ရေးဌာနမှ စာထုတ်ပြန် ညွှန်ကြား


တအာင်းပြည်၊ ဧပြီလ ၁ရက်


မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်နေချိန် လူသားချင်း စာနာထောက်ထားသောအားဖြင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော ခရိုင် (၅)ခုအတွင်းရှိသည့် မြို့နယ်များတွင် သင်္ကြန်ပွဲတော် မကျင်းပရန် PSLF/TNLA ဗဟိုအုပ်ချုပ်ရေးဌာနမှ စာထုတ်ပြန် ညွှန်ကြားလိုက်သည်။


PSLF/TNLA အုပ်ချုပ်သည့် ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နှင့် နမ့်ခမ်းခရိုင်တို့တွင် သင်္ကြန်ပွဲတော် မပြုလုပ်ရန် ဗဟိုအုပ်ချုပ်ရေးဌာနမှ ယနေ့ ဧပြီ (၁)ရက်တွင် ထုတ်ပြန်လိုက်သည်။


သင်္ကြန်ပွဲတော်ကို ကျင်းပရန်စီစဥ်ထားသော်လည်း မတ်လ (၂၈)ရက်တွင် ပြင်းအား ၇.၇ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်သွားခဲ့သောကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရဆဲဖြစ်သည်။ ထိုကြောင့် လူသားချင်း စာနာထောက်ထားသောအားဖြင့် သင်္ကြန်ပွဲတော် ကျင်းပခြင်းကို ဖျက်သိမ်းခဲ့သည်။


ပြီးခဲ့သည့် မတ်လ (၂၈)ရက်တွင် ဖျက်အားပြင်းလှုပ်ခတ်သွားခဲ့သောငလျင်ဒဏ်ကြောင့် ယမန်နေ့ မတ်လ (၃၁)ရက်အထိ မြန်မာနိုင်ငံတဝန်းတွင် သေဆုံးသူ (၂၀၅၆)ဦး၊ ဒဏ်ရာရသူ (၃၉၀၀)ဦးနှင့် ပျောက်ဆုံးနေသူ (၃၀၀)ဦးအထိ ရှိခဲ့ပြီးဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန













Topics: မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်နေချိန် လူသားချင်း စာနာထောက်ထားသောအားဖြင့် တအာင်းပြည်အတွင်း သင်္ကြန်ပွဲတော် မကျင်းပရန် ဗဟိုအုပ်ချုပ်ရေးဌာနမှ စာထုတ်ပြန် ညွှန်ကြား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်