စစ်ကောင်စီတပ်သည် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာသော်လည်း နောင်ချိုမြို့နယ်တွင် ဒရုန်းနှင့် ဂျတ်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့
နောင်ချို၊ ဧပြီလ ၁ရက်
တအာင်းပြည်သတင်း
စစ်ကောင်စီတပ်သည် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာသော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော နောင်ချိုမြို့နယ်၊တောင်လှရွာနှင့် ဂေါ်ရခါးရွာကို ဒရုန်းနှင့် ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။
ဖြစ်စဉ်တွင် ဧပြီလ (၁)ရက် နံနက် (၁၁)နာရီ၀န်းကျင်တွင် စစ်ကောင်စီတပ်မှ အုမ္မတီး-ဆမ္မဆယ်ကျေးရွာကြားရှိ တောင်လှရွာနှင့် ဂေါ်ရခါးရွာကို ဒရုန်းဖြင့် (၁)ကြိမ်၊ ဂျက်ဖိုက်တာဖြင့် (၁)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြဲကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၂)လုံး ဗုံးစထိမှန်ပျက်စီးခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၃၁ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ (၁၂၀)မမ ဗုံးသီးသယ်ဆောင်လာသည့်ဒရုန်းဖြင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
အလားတူ မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံတွင် ပြင်းအား ၇.၇ရှိသည့် ငလျင်လှုပ်ခတ်ချိန် နေ့လယ် (၁း၀၅)နာရီအချိန်တွင် နောင်လင်ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ဒေသခံနေအိမ် (၃)လုံးနှင့် စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်သည် ငလျင်လှုတ်ခတ်ပြီး ၃၁-၃-၂၀၂၅မှ ၆-၄-၂၀၂၅အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာသော်လည်း အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ