954

မြန်မာနိုင်ငံတွင် ပြည်သူလူထုများ ကပ်ဘေးအန္တရာယ်ကြုံနေရချိန် စစ်ကောင်စီတပ်မှ နောင်ချိုကို ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
31 March 2025

မြန်မာနိုင်ငံတွင် ပြည်သူလူထုများ ကပ်ဘေးအန္တရာယ်ကြုံနေရချိန် စစ်ကောင်စီတပ်မှ  နောင်ချိုကို ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်

နောင်ချို၊ မတ်လ ၃၁ရက်
တအာင်းပြည်သတင်း

မြန်မာနိုင်ငံတွင် ပြည်သူလူထုများ ကပ်ဘေးအန္တရာယ်ကြုံနေရချိန် စစ်ကောင်စီတပ်မှ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။




ဖြစ်စဉ်တွင်  မတ်လ ၃၁ရက် နံနက် (၁၀း၁၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ (၁၂၀)မမ ဗုံးသီးသယ်ဆောင်လာသည့်ဒရုန်းဖြင့် တစ်ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိမှန်ပျက်စီးမှု ရှိခဲ့ပါသည်။

ပြီးခဲ့သည့် မတ်လ ၂၈ရက်လည်း မြန်မာနိုင်ငံတွင် ပြင်းအား ၇.၇ရှိသည့် ငလျင်လှုပ်ခတ်ချိန် နေ့လယ် (၁း၀၅)နာရီအချိန်တွင် နောင်လင်ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ဒေသခံနေအိမ် (၃)လုံးနှင့် စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးခဲ့သည်။

အလားတူ မတ်လ ၂၆ရက်လည်း နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာ၊ သုံးဆယ်ကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့အပြင် ဒေသခံနေအိမ်အများအပြားလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် ငလျင်လှုတ်ခပ်ပြီး ၃၁-၃-၂၀၂၅မှ ၆-၄-၂၀၂၅အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာသော်လည်း အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေပါသည်။ ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မြန်မာနိုင်ငံတွင် ပြည်သူလူထုများ ကပ်ဘေးအန္တရာယ်ကြုံနေရချိန် စစ်ကောင်စီတပ်မှ နောင်ချိုကို ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်