စစ်ကောင်စီတပ်သား (၃)ဦးမှ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ထံ လက်နက်ခဲယမ်းအပြည့်စုံဖြင့် လာရောက်အလင်းဝင်
နောင်ချို၊ မတ်လ ၃၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းမှ တပ်သား (၃)ဦးသည် လက်နက်အပြည့်စုံဖြင့် တအာင်းတပ်မတော် TNLAတပ်ဖွဲ့ထံ လာရောက်အလင်းဝင်ခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၂၈ရက် နေ့လယ် (၃း၀၀)နာရီအချိန်တွင် တအာင်းတပ်မတော် TNLAတပ်ဖွဲ့ထံ လက်နက် သုံးလက်နှင့်အတူ ၎င်းတို့မှ လာရောက်အလင်းဝင်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ကိုဦးဆောင်သည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးသည် တိုက်ပွဲအတွင်းကျဆုံးသွားခဲ့သောကြောင့် ဦးဆောင်သူမရှိသည့်အတွက် ထွက်ပြေးပြီး လာရောက်အလင်း၀င်ခဲ့ပါသည်။
တအာင်းတပ်မတော် TNLAတပ်ဖွဲ့ထံ လာရောက်အလင်းဝင်ခဲ့သည့် ထိုစစ်သုံ့ပန်း (၃)ဦးတို့ကို မိမိတို့ PSLF/TNLAအဖွဲ့မှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ် အောက်တိုဘာ ၁၂ရက်လည်း သီပေါမြို့အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃)နှင့် (၅၀၄)စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိထားသည့် တပ်မိသာစုးဝင် (၁၉၁)ဦးကို PSLF/TNLAမှ လူသားချင်းစာနာထောက်ထားသောအားဖြင့် ပြန်လွှတ်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ