946

မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်

ဒေသတွင်းသတင်း / ဒေသတွင်း
28 March 2025

မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်

မူဆယ်၊ မတ်လ ၂၈ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မူဆယ်မြို့နယ်၊ မန်ဟန်ကျေးရွာတွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့သည်။




ဖြစ်စဥ်တွင် မတ်လ ၂၆ရက် မွန်းလွဲပိုင်း (၃း၀၀) နာရီအချိန်တွင် အသက် (၄၀)နှစ်အရွယ်ရှိ ဦးအိုက်လသည် ၎င်း၏ဇနီးနှင့်အမေ တောင်ယာသွားနေစဥ် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။




ထိုသို့ မိမိကိုယ်ကို ကြိုးဆွဲချအဆုံးမစီရင်ခင်အချိန်၌ ဦးအိုက်လအ‌နေဖြင့် ၆လက်မခန့် ရှည်သည့် ဓါးဖြင့် ထိုးသတ်ကာ အဆုံးစီရင်ခဲ့သေးသည်။

ယင်းအပြင် ဘေးတွင်ရှိနေသည့် သမီးငယ်အား ဘေးပတ်ဝန်းကျင်ရှိလူများကို မပြောပြရန်နှင့် ပြောပြပါက သမီးကိုပါ သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

ထိုအမျိုးသားသည် ပြီးခဲ့သည့် မတ်လ ၂၄ရက်တွင်လည်း အရက်ကိုအလွန်အကျူးသောက်ပြီး မိမိကိုယ်ကိုစီရင်ရန် ကြံစည်ခဲ့ဖူးသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်