945

နမ့်ဖတ်ကာတွင် ယခင်စစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းကို အမျိုးသားတစ်ဦး နင်းမိပြီး ဒဏ်ရာပြင်းထန်ရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
28 March 2025

နမ့်ဖတ်ကာတွင် ယခင်စစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းကို အမျိုးသားတစ်ဦး နင်းမိပြီး ဒဏ်ရာပြင်းထန်ရရှိ

နမ့်ဖတ်ကာ၊ မတ်လ ၂၈ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာမြို့၊ ရပ်ကွက် (၂)တွင် ယခင်စစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းကို အမျိုးသားတစ်ဦးမှ နင်းမိပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် မတ်လ ၂၆ရက် နေ့လယ် (၁း၃၀)နာရီအချိန်တွင် အသက် (၅၉)နှစ်အရွယ် ဦးလောက်ကျောက်သည် ယခင်စစ်ကောင်စီတပ် ခလရ (၄၅)တပ်စခန်းအနီးရှိ အိမ်ခြံအတွင်း ခြံစည်းရိုးလုပ်နေစဉ် နင်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါပေါက်ကွဲမှုကြောင့် ၎င်း၏ ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး ခန္ဓာယ်ကိုယ်ပေါ်လည်း ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လ ၂၂ရက်လည်း နမ့်ဖတ်ကာတွင် အမျိုးသားတစ်ဦးမှ မိုင်းတစ်လုံးကို ကောက်ယူကာ ဆော့ကစားရာမှ ပေါက်ကွဲပြီးသေဆုံးသွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဖတ်ကာတွင် ယခင်စစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းကို အမျိုးသားတစ်ဦး နင်းမိပြီး ဒဏ်ရာပြင်းထန်ရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်