923

နောင်ချိုမြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ပြည်သူလူထု (၉) ဦး သေဆုံး၊ (၁၇) ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
17 March 2025

နောင်ချိုမြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ပြည်သူလူထု (၉) ဦး သေဆုံး၊ (၁၇) ဦး ထိခိုက်ဒဏ်ရာရ


နောင်ချို၊ မတ်လ ၁၇ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့  ညနေ (၅း၃၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၄)လုံးနှင့် စက်သေနတ်များ လာရောက်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

 




ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းစာသင်တိုက်အတွင်းရှိသော ရဟန်း (၂)ပါးနှင့် သာမဏေ (၄)ပါးနှင့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦးအပါအဝင် စုစုပေါင်း (၉)ဦး ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့သည်။





၎င်းနောက် သံဃာတော် (၁၃)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူလူထု (၄)ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ပြည်သူလူထုနေအိမ်နှင့် ကျောင်းဆောင်အများအပြားလည်း ဗုံးကြောင့် ထိမှန်ပျက်စီးသွားခဲ့သည်။




စစ်ကောင်စီတပ်၏ ဗုံးကြဲချမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်လူနာများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတပ်ဖွဲ့၏ တာဝန်ရှိသူများနှင့် ပြည်သူများမှ ဝိုင်းဝန်းပြီး ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။


စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေပါသည်။ ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။


PSLF/TNLA

သတင်းနှင့်ပြန့်ကြားရေးဌာန

Topics: နောင်ချိုမြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ပြည်သူလူထု (၉) ဦး သေဆုံး၊ (၁၇) ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်