921

မိုးမိတ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
15 March 2025

မိုးမိတ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိ

မိုးမိတ်၊ မတ်လ ၁၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးမိတ်မြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့သည်။





ဖြစ်စဥ်မှာ မတ်လ ၆ရက် မန်ကျည်းပင်ရွာတွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မသကာမှုဖြင့် နေအိမ်တစ်အိမ်ထဲတွင် ဝင်ရောက်စစ်ဆေးရာမှ ကားတစ်စီး၏ ကားတာယာထဲတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောစိတ်ကြွဆေးပြား အများအပြား ဖမ်းဆီးရမိခဲ့သည်။





ထိုအမျိုးသား (၂)ဦးအနက် ယာဉ်မောင်း ဦးကျန်လေးဆိုသူမှာ ထွက်ပြေးခဲ့ပြီး၊ ဦးကျန်ရှန်ဆုံ ထံ
ယာမစိတ်ကြွဆေးပြား (၇၃၃)ထုပ်၊ ဘိန်းဖြူ (၄၄)ဘူး (ကာလတန်ဖိုး သိန်းပေါင်း ၇၀၀) ကျော်နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ကို တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ (၈)ရက်တွင်လည်း ကျောက်မဲမြို့မှ မိုးကုတ်သို့ သွားမည့်လမ်းမပေါ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးနေစဥ် မီးသွေးတင်ဆောင်လာသည့် ကားတစ်စီးကို စစ်ဆေးခဲ့ရာ ဆာလာအိတ်အဝါဖြင့် ထည့်ထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောစိတ်ကြွဆေးပြား အများအပြားနှင့်အတူ မူးယစ်ဆေးဝါးရောင်း၀ယ်သူ(၄)ဦးဖမ်းဆီးရမိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးမိတ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်