920

ကျောက်မဲတွင် ဘုရားကျောင်းဆောင်အတွင်း ဖယောင်တိုင်မီးထွန်းရာမှ ကျောင်းဆောင် (၁)ဆောင်မီးလောင်မှု ဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
15 March 2025

ကျောက်မဲတွင် ဘုရားကျောင်းဆောင်အတွင်း ဖယောင်တိုင်မီးထွန်းရာမှ ကျောင်းဆောင် (၁)ဆောင်မီးလောင်မှု ဖြစ်ပွား

ကျောက်မဲ၊ မတ်လ ၁၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ ကျောက်မဲခရိုင် ကျောက်မဲမြို့ အင်ကြင်းတောင်တွင်
ဘုရားကျောင်းဆောင်အတွင်း ဖယောင်တိုင်မီးထွန်းရာမှ ကျောင်းဆောင် (၁)ဆောင်မီးလောင်မှု ဖြစ်ပွားခဲ့သည်။





ဖြစ်စဉ်တွင် မတ်လ(၁၁)ရက်ညနေ(၆း၀၀)နာရီအချိန်တွင် မယ်သီလရှင် တစ်ပါးသည် ဘုရားရှိခိုးရာ ဘုရားကျောင်းဆောင်အတွင်း ဖယောင်တိုင်မီးထွန်းရာမှ ကျောင်းဆောင် (၁)ဆောင်မီးလောင်မှု ဖြစ်ပွားခဲ့သည်။





ကျောင်းဆောင်အတွင်း မီးလောင်သွားသည့် ပစ္စည်းများသည် ဆန်၊ ဆီ နှင့် အသုံးအဆောင်ပစ္စည်း အားလုံးစုစုပေါင်း ဆုံးရှုံးမှုကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၈၀)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။

ထိုမီးလောင်နေစဉ်‌ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်ဖွဲ့နှင့် ဒေသခံများမှ ည (၇:၃၀)အချိန်တွင် အခြားနေအိမ် မီးမကူးဆက်နိုင်ရန် ဝိုင်း၀န်းပြီး မီးငြိမ်းသတ်ပေးခဲ့သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲတွင် ဘုရားကျောင်းဆောင်အတွင်း ဖယောင်တိုင်မီးထွန်းရာမှ ကျောင်းဆောင် (၁)ဆောင်မီးလောင်မှု ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်