913

ကွတ်ခိုင်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ(၁)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
11 March 2025

ကွတ်ခိုင်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ(၁)ဦး ဖမ်းဆီးရမိ

ကွတ်ခိုင်၊ မတ်လ ၁၁ ရက်

တအာင်းပြည်သင်တင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ ကွတ်ခိုင်ခရိုင် ကွတ်ခိုင်မြို့နယ် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ (၁)ဦး ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် မတ်လ ၅ ရက် ဆဖြူးကျေးရွာတွင် ဦးဘာနန်းသည် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ သွားရောက်စစ်ဆေးရာတွင် ဖမ်းဆီးရမိခဲ့သည်။

ထိုအမျိုးသားသည် ယာမစိတ်ကြွဆေးပြား အလုံးရေ (၁၂၅)လုံး၊ ဘိန်းဖြူ (၂)ဗူးနှင့်အတူ တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ပြီးခဲ့သည့် မတ်လ ၃ ရက် ကွတ်ခိုင်မြို့နယ် မိုဟစ်ကျေးရွာလမ်းခွဲတွင် ဦးအောင်အောင်ဆိုသူ မူယစ်ဆေး‌‌ဝါးသုံးစွဲနေသည့်အချိန် တအာင်းပြည် ရဲတပ်ဖွဲ့မှ ကင်းလှည့်နေစဉ် ယာမစိတ်ကြွဆေးပြား (၃၂)လုံး၊ (Redmi)ဖုန်း (၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ကို တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်တွင်လည်း ကွတ်ခိုင်တွင် အမျိုးသမီး (၁)ဦးကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။#PSLF/TNLA#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ(၁)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်