နမ့်ဆန်တွင် တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်း၀ယ်သူအမျိုးသားတစ်ဦးနှင့် သုံးစွဲသူတစ်ဦးကို ဖမ်းဆီးရမိ
နမ့်ဆန်၊ မတ်လ ၁၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နမ့်ဆန်မြို့နယ် ပိန်းလုံအုပ်စု ပင်လုံကျေးရွာတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးနှင့် သုံးစွဲသူတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဥ်တွင် မတ်လ ၃ရက် တအာင်းပြည်ရဲတပ်ဖွဲ့မှ ပင်လုံကျေးရွာလမ်းခွဲတွင် ကင်းလှည့်နေစဥ် မသင်္ကာသည့် အမျိုးသားတစ်ဦးကို ဆီးစစ်ရာမှ မူးယစ်ဆေးသုံးထားသည့် လက္ခာဏာတွေ့ရှိရပြီး၊ ခန္ဓာကိုယ်ထပ်မံစစ်ဆေးရာတွင် ယာမဆေးပြား (၄၂) ပြားကို ဖမ်းဆီးရမိခဲ့သည်။
မူးယစ်သုံးစွဲသူအမျိုးသားသည် အသက်(၂၃)နှစ်အရွယ် မိုင်းညီညီဖြစ်ပြီး ထိုအမျိုးသားသည် ယာမဆေးပြားများကို နေသူရဆိုထံမှ ၀ယ်ယူရရှိခဲ့သည်ဟု ပြောပြသည်။
ထိုနောက် နေသူရနေအိမ်အတွင်းတွင် သွားရောက်စစ်ဆေးရာမှ ငွေသားတစ်သိန်းနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။အဆိုပါ နေသူရသည် တားလတ်ကျေးရွာ၌နေထိုင်ပြီး မူးယစ်ဆေးဝါးရောင်းချရာတွင် (၂)ကြိမ်အထိ ရှိခဲ့ပြီးဖြစ်သည်။
၎င်းတို့ကို တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဖမ်းဆီးထားသည်။ပြီးခဲ့သည့် မတ်လ ၁ရက်လည်း ကွတ်ခိုင်မြို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ မြို့တွင်းကင်းလှည့်နေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ