နမ္မတူတွင် တအာင်းသံဃာတော်များ မြို့နယ်လုံးကျွတ်သာသနာရေး
အစည်းအဝေးကျင်းပ
နမ္မတူ၊မတ်လ ၁၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ နမ္မတူမြို့နယ်တွင် တအာင်းသံဃာတော်များ မြို့နယ်လုံးကျွတ်သာသနာရေးအစည်းအဝေးကို ပြီးခဲ့သည့် မတ်လ (၉)ရက်တွင် ပြုလုပ်ကျင်းပခဲ့သည်။
အစည်းအဝေးတွင် နံနက် (၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ နမ္မတူမြို့နယ် သန္တိာသစ္စာဓမ္မရုံတွင် တအာင်းဗဟိုသံဃာတော်အဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအစည်းအဝေး၌ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော အမျိုးဘာသာ၊ သာသနာပြုလုပ်ငန်းများ တင်ပြခြင်း၊ ရှေ့လုပ်ငန်းစဥ်များ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။
ယခုနှစ်တွင်လည်း ဩဝါဒစရိယဆရာတော်များက ပိဋကတ်သုံးပုံတရားတော်များကို တအာင်းဘာသာဖြင့် ပြန်ဆိုရေးသားရန် အတည်ပြုခဲ့ပါသည်။
ရှေ့လုပ်ငန်းစဉ်များတွင် သာသနာရေးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးနှင့် ဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်နိုင်ရေး၊ တအာင်းသံဃာတော်များ ခေတ်မှီသော ပညာရေးဖြင့် သာသနာပြုစွမ်းရည် တိုးတက်မြင့်မာလာစေရေးနှင့် တအာင်းသံဃာတော်များ လူမျိုးဘာသာ သာသနာကို မြင့်တင်နိုင်ရေးတို့ ဖြစ်ပါသည်။
ထိုအစည်းအဝေးအား ပြည်နယ်သံဃာတော် (၆) ပါးနှင့် မြို့နယ်သံဃာတော်(၄၉)ပါး သာသနာရေးအဖွဲ့ (၅)ဦး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ နမ္မတူမြို့နယ်မှူးနှင့် ဌာနဆိုင်ရာများ၊ မိဘပြည်သူများ(၁၅၀)ဦးတက်ရောက်ခဲ့သည် ။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ