907

ကျောက်မဲတွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄)ဦးနှင့် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
10 March 2025

ကျောက်မဲတွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄)ဦးနှင့် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိ

ကျောက်မဲ၊ မတ်လ ၁၀ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄)ဦးနှင့် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့သည်။




ဖြစ်စဥ်တွင် မတ်လ ၈ရက် ကျောက်မဲမြို့မှ မိုးကုတ်သို့ သွားမည့်လမ်းမပေါ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ စစ်ဆေးနေစဥ် မီးသွေးတင်ဆောင်လာသည့်ကားတစ်စီးကို စစ်ဆေးရာတွင် ဆာလာအိတ်အဝါဖြင့် ထည့်ထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောစိတ်ကြွဆေးပြား အများအပြား ဖမ်းဆီးရမိခဲ့သည်။





ထိုအမျိုးသား (၄)ဦးသည် ဦးကျော်ဇင်ထက်၊ ဦးဟိန်းမင်းလတ်၊ ဦးအေးကိုနှင့် ဦးထက်ထက်အောင်တို့ဖြစ်ကြပြီး ယာမစိတ်ကြွဆေးပြား အထုပ်ကြီး (၁၁)ထုပ် (A တံဆိပ်)၊ အထုပ်ကြီး (၁၉၉)ထုပ် (၆၆၆ တံဆိပ်)၊ (Ice) မူးယစ်ဆေးဝါး (၂)ထုပ်၊ (K) ထုပ်ကြီး (၁)ထုပ်၊ (RC)တံဆိပ်ပါ မူးယစ်ဆေးဝါး (၃)ထုပ်၊ EriMin 5(10)ကဒ်၊ FriMin 5(10)ကဒ် (ကာလတန်ဖိုး သိန်းပေါင်း ၁၅၀၀၀ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။




၎င်းတို့ကို တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ (၇)ရက်တွင် ကျောက်မဲမြို့နယ် ပန်တေးနှင့် ပန်ဟက်ကျေးရွာတွင် သွားရောက်ကင်းလှည့်နေစဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးကို ဖမ်းဆီးရမိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲတွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄)ဦးနှင့် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်