ကျောက်မဲတွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦး ဖမ်းဆီးရမိ
ကျောက်မဲ၊ မတ်လ ၁၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဥ်တွင် မတ်လ ၇ရက် ပင်တိတ်အုပ်စု ပန်တေးကျေးရွာတွင် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ သွားရောက်စစ်ဆေးရာတွင် ဖမ်းဆီးရမိခဲ့သည်။
ထိုအမျိုးသားသည် ဦးအိုက်လျန်ဆိုသူဖြစ်ပြီး ယာမစိတ်ကြွဆေးပြား အလုံးရေ (၁၄၇၀)လုံးနှင့်အတူ တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
ထိုအတူ ကျောက်မဲမြို့နယ် ပန်ဟက်ကျေးရွာတွင်လည်း တအာင်းပြည် ရဲတပ်ဖွဲ့မှ ရွာအတွင်းကင်းလှည့်နေစဥ် ဦးစိုးအောင်ဆိုသူကို ယာမစိတ်ကြွဆေးပြား အလုံးရေ (၁၈၆)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ကို တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ(၁)ရက် ကွတ်ခိုင်တွင် အမျိုးသမီး (၁)ဦးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ