တအာင်းပြည်တွင် ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅)ဦးနှင့် ရောင်းဝယ်သူ (၇)ဦး ဖမ်းဆီးနိုင်ခဲ့
တအာင်းပြည်သတင်း၊ မတ်လ ၈ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့မှ နမ့်ခမ်းမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် မိုင်းယော်မြို့နယ်တို့တွင် ဖေဖော်ဝါရီလ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅)ဦးနှင့် ရောင်းဝယ်သူ (၇)ဦး ဖမ်းဆီးနိုင်ခဲ့သည်။
နမ့်ခမ်းမြို့နယ်တွင် တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၂၇)ဦးနှင့် ရောင်း၀ယ်သူ (၅)ဦးတို့ ဖမ်းဆီးရမိခဲ့ပြီး မိုးကုတ်မြို့နယ်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၂)ဦး ဖမ်းဆီးနိုင်ခဲ့သည်။
အလားတူ ကွတ်ခိုင်မြို့နယ်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၇)ဦး ဖမ်းဆီးနိုင်ခဲ့ပြီး ကျောက်မဲမြို့နယ်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၇)ဦးနှင့်ရောင်းဝယ်သူ (၁)ဦးတို့ ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် နမ့်ဆန်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၂၃)ဦးကို ဖမ်းဆီးခဲ့ပြီး မိုင်းယော်မြို့နယ်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၉)ဦးနှင့် ရောင်းဝယ်သူ (၁)ဦး ဖမ်းဆီးနိုင်ခဲ့သည်။
၎င်းတို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့မှ (၆)လကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို့ ပို့ဆောင်ပေးခြင်းနှင့် ပြစ်မှုကြီးသည့်သူများကို ထောင်အတွင်း ထိန်းသိမ်းသွားမည်ဖြစ်သည်
ပြီးခဲ့သည့် ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ စုစုပေါင်း (၁၉၂၃)ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ