863

မိုးကုတ်တွင် အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ကို အရှိန်လွန်မောင်းရာမှ ဓာတ်တိုင်ကို တိုက်မိပြီး သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
22 February 2025

မိုးကုတ်တွင်  အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ကို အရှိန်လွန်မောင်းရာမှ ဓာတ်တိုင်ကို တိုက်မိပြီး သေဆုံး

မိုးကုတ်၊ ဖေဖော်ဝါရီလ ၂၂ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့အ‌နောက်ပိုင်း ကျပ်ပြင်ရပ်ကွက်တွင် အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ကို အရှိန်လွန်မောင်းရာမှ ဓာတ်တိုင်ကို တိုက်မိပြီး သေဆုံးခဲ့ပါသည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ရက်တွင် အသက် (၅၁)နှစ်အရွယ်ရှိသည့် ဦးကိုလတ်သည် အရက်သေစာများ သောက်ပြီးနောက်  ဆိုင်ကယ်မောင်းနှင်ရင်း ဆိုင်ကယ်အရှိန်လွန်ရာမှ ဓာတ်တိုင်ကို တိုက်မိခဲ့ပြီး ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါသည်။

အဆိုပါအမျိုးသားကို ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ၏ တာဝန်ရှိသူမှ ဆေးကုသနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက်  ၎င်း၏ဒဏ်ရာပြင်းထန်သောကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာလည်း အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ကို အရှိန်လွန်မောင်းရာမှ ရေမြောင်းအတွင်းပြုတ်ကျခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်တွင် အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ကို အရှိန်လွန်မောင်းရာမှ ဓာတ်တိုင်ကို တိုက်မိပြီး သေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်