862

မိုးမိတ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ဒေသခံ (၃)ဦး‌ သေဆုံး၊ (၇)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
22 February 2025

မိုးမိတ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ဒေသခံ (၃)ဦး‌ သေဆုံး၊ (၇)ဦး ထိခိုက်ဒဏ်ရာရ

မိုးမိတ်၊ ဖေဖော်ဝါရီလ ၂၂ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာတွင်  စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကလေးငယ်အပါအ၀င် ဒေသခံ (၃)ဦး‌ သေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။





ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ရက် ည (၈:၂၀) နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။




ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မထက်မြတ်နိုး အသက်(၈)နှစ်၊ မမေဇင်ထက် အသက်(၂၃)နှစ်နှင့် ကိုဇော်မင်းလွန် အသက်(၃၀)နှစ် သေဆုံးခဲ့ပြီး မရွှေသန့်ဝေ အသက်(၂၁)နှစ်၊ ကိုပြည့်စိုင် အသက်(၂၃)နှစ်၊ ဒေါ်သိန်သိန်ညို အသက်(၃၂)နှစ်၊ ဦးရန်အောင်၊ ဦးမိုးလွန်၊ ကိုသောင်းလွန်နှင့် ဒေါ်နွယ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နေအိမ် (၅)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။





ယနေ့ ဖေဖော်ဝါရီလ ၂၂ရက် ညသန်းခေါင်ယံ (၁၂း၁၅)နာရီမှ နံနက် (၁း၃၀)နာရီအချိန်ထိ စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို ဗုံး (၅)လုံးနှင့် တောင်ရှည်ကျေးရွာကို ဗုံး (၂၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြောင့် ဒေသခံ (၁)ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့သည်။





ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ရက်လည်း နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး‌ သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ဒေသခံ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၆)လုံး  ထိခိုက်ပျက်စီးသွားခဲ့သည်။


စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေပါသည်။ ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

စစ်ကောင်စီတပ်သည် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်မှ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက်အထိ လက်နက်ကြီးနှင့် လေကြောင်းကို အသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် တအာင်းပြည်အတွင်းရှိ ကလေးတစ်ဦးအပါအ၀င် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၄)ဦး သေဆုံးခဲ့ရသည်။ ကလေး (၁)ဦး၊ အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၇)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့်  ပြည်သူနေအိမ် (၁၁)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးမိတ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ဒေသခံ (၃)ဦး‌ သေဆုံး၊ (၇)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်