ဆိုင်ခေါင်တွင် ကလေးငယ် (၂)ဦး ဗုံးယူဆော့ကစားရာမှ ပေါက်ကွဲပြီး (၁)ဦးသေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရ
မုံးစီး၊ ဖေဖော်ဝါရီလ ၂၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ မုံးစီးမြို့နယ် ဆိုင်ခေါင်ကျေးရွာတွင် ကလေးငယ် (၂)ဦးသည် ဗုံးယူဆော့ကစားရာမှ ပေါက်ကွဲပြီး (၁)ဦးသေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဥ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ရက် နံနက် (၈း၄၅)နာရီအချိန်တွင် ကျေးရွာအနီးရှိ လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့ရာတွင် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။
ထိုဗုံးပေါက်ကွဲမှုကြောင့် အသက် (၅)နှစ်အရွယ် မိုင်းအညီဆိုသူ သေဆုံးခဲ့ပြီး အသက် (၇)နှစ်အရွယ် မိုင်းအကာမှ ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။
အဆိုပါမိုင်းအကာသည် လက်၊ ခြေထောက်၊ ဝမ်းဗိုက်နှင့် ပေါင်များကို ဗုံးစထိမှန်ခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသခံယူလျှက်ရှိသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ