မူဆယ်မြို့တွင် အမျိုးသားတစ်ဦးသည် ပစ္စည်းခိုးယူရာတွင် အုတ်တံတိုင်းပေါ်ပြုတ်ကျသေဆုံး
မူဆယ်၊ ဖေဖော်ဝါရီလ ၂၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မူဆယ်မြို့တွင် ဖေဖော်ဝါရီလ ၁၉ရက် အမျိုးသားတစ်ဦးသည် ပစ္စည်းခိုးယူရာတွင် အုတ်တံတိုင်းပေါ်ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်တွင် ဟိုနားရပ်ကွက်ရှိ အိမ်တစ်အိမ်၌ နံနက်အစောပိုင်း (၂း၀၀)နာရီအချိန်တွင် အိမ်အတွင်းရှိ မီးတာပေါက်တစ်လုံးကို ဝင်ရောက်ဖြုတ်ခိုးယူသယ်ဆောင်ပြီး အိမ်ပြင်အုတ်တံတိုင်းသို့ ကျော်တက်ရန်ပြုလုပ်ရာ ပြုတ်ကျသေဆုံးသွားခြင်းဖြစ်သည်။
အဆိုပါ အုတ်တံတိုင်းပေါ် ပြုတ်ကျသေဆုံးသွားသည့် အမျိုးသားသည် အသက် (၃၀)ဝန်းကျင်အရွယ်ရှိပြီး မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်လည်း မူဆယ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် ပိုင်ရှင်မဲ့အမျိုးသား ရုပ်အလောင်း (၂)လောင်းတွေ့ရှိခဲ့သည်။
စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများပြားပြီး မကြာခဏပစ္စည်းခိုးယူမှု၊ အဖွဲ့လိုက်လုယူမှုများ ဖြစ်ပွားခဲ့သလို မူးယစ်သုံးစွဲပြီး သေဆုံးသည့် ပိုင်ရှင်မဲ့ရုပ်အလောင်းများလည်း မကြာခဏတွေ့လေ့ရှိသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ