848

နမ့်အွမ်ရွာတွင် အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ကို အရှိန်လွန်မောင်းရာမှ ရေမြောင်းအတွင်းပြုတ်ကျပြီး ဒဏ်ရာရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
20 February 2025

နမ့်အွမ်ရွာတွင်  အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ကို အရှိန်လွန်မောင်းရာမှ ရေမြောင်းအတွင်းပြုတ်ကျပြီး ဒဏ်ရာရရှိ

မူဆယ်၊ ဖေဖော်ဝါရီလ ၂၀ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာတွင် အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ကို အရှိန်လွန်မောင်းရာမှ ရေမြောင်းအတွင်းပြုတ်ကျခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်စဉ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ကိုအိုက်၀င်းသည် မန်ဖာကျေးရွာသို့ ကြံသွားခုတ်ရန် သွားနေစဉ်  လမ်းခုလတ်တစ်နေရာတွင် ဆိုင်ကယ်အရှိန်လွန်ကာ ရေမြောင်းအတွင်းပြုတ်ကျပြီး မျက်နှာတွင် ဒဏ်ရာပြင်ထန်းရရှိခဲ့သည်။

ထိုအမျိုးသားသည် ကိုအိုက်ဝင်းဆိုသူဖြစ်ပြီး နမ့်ခမ်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

အဆိုပါ မြောင်းအတွင်းပြုတ်ကြသွားသည့် အမျိုးသားကို ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ၏ တာဝန်ရှိသူမှ ဆေးကုသနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်အွမ်ရွာတွင် အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ကို အရှိန်လွန်မောင်းရာမှ ရေမြောင်းအတွင်းပြုတ်ကျပြီး ဒဏ်ရာရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်