ကွတ်ခိုင်တွင် ကလေးငယ် (၄)ဦး မိုင်းနင်းမိရာမှ (၂)ဦး သေဆုံး၊ (၂)ဦး ဒဏ်ရာရ
ကွတ်ခိုင်၊ ဖေဖော်ဝါရီလ ၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၅)နယ်မြေ၊ ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာတွင် ကလေးငယ် (၄)ဦးသည် လက်လုပ်မိုင်းကို နင်းမိရာမှ ကလေးငယ် (၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂ ရက် နံနက် (၁၁း၃၀)နာရီအချိန်တွင် ထိုကလေးငယ်များသည် ရေချောင်းအတွင်း ငါးသွားဖမ်းနေစဥ် လက်လုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသည့် (၂)ဦးသည် အသက်(၄)နှစ်အရွယ် လွေးအေးနွေနှင့် အသက် (၅)နှစ်အရွယ် မိုင်းအနိုင်တို့ဖြစ်ကြပြီး အသက် (၉)နှစ်အရွယ် မိုင်းထွန်းအောင်နှင့် အသက် (၈)နှစ်အရွယ် မိုင်းအညို့လာတို့မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၎င်းကို ဆေးကုရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၃ရက်တွင်လည်း ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာတွင် အမျိုးသားတစ်ဦး ကျွဲရှာနေစဥ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ