817

နမ့်ဟွယ်ကျေးရွာတွင် အမျိုးသား (၂)ဦး ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားရာမှ (၁)ဦး သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
03 February 2025

နမ့်ဟွယ်ကျေးရွာတွင် အမျိုးသား (၂)ဦး ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားရာမှ (၁)ဦး သေဆုံး

မူဆယ်၊ ဖေဖော်ဝါရီလ ၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်‌‌မြေ၊ မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာတွင် အမျိုးသား (၂)ဦး ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားရာမှ  (၁)ဦး သေဆုံးသွားခဲ့သည်။





ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက် ညနေ (၆:၀၀)နာရီအချိန်တွင် အမျိုးသား (၂)ဦးသည် မိုင်းယု(၁၀၅)မိုင်မှ ဆိုင်ကယ်ဖြင့် နမ့်ဟွမ်ရွာအပြန် လမ်းမကြီးသို့ ရပ်ထားသည့် လယ်ထွန်းစက်အား ဝင်တိုက်မိခဲ့ပါသည်။




အဆိုပါ တိမ်းမှောက်မှုကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်လာသူ အသက် (၁၅)နှစ်အရွယ် မောင်ဟန်လင်းထွန်းဆိုသူအား ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

၎င်းဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၂၀)နှစ်အရွယ် အမျိုးသားတစ်ဦးမှ ခြေထောက်တစ်ဖက် ကျိုးခဲ့ရပြီး ဒဏ်ရပြင်းထန်ရရှိခဲ့သည်။ ၎င်းကို ဆေးရုံသို့ ဆေးကုသရန် လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဟွယ်ကျေးရွာတွင် အမျိုးသား (၂)ဦး ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားရာမှ (၁)ဦး သေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်