800

သီပေါမြို့တွင် အမျိုးသား(၂) ဦးသည် စစ်ကောင်စီတပ်၏ လက်ကျန်မြေမြှုပ်မိုင်းကို ဖြုတ်ယူရာတွင် ပေါက်ကွဲပြီး သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
02 February 2025

သီပေါမြို့တွင် အမျိုးသား(၂) ဦးသည် စစ်ကောင်စီတပ်၏ လက်ကျန်မြေမြှုပ်မိုင်းကို ဖြုတ်ယူရာတွင် ပေါက်ကွဲပြီး သေဆုံး


သီပေါ၊ ဇန်နဝါရီ ၂၇ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့တွင် အမျိုးသား (၂)ဦးသည် စစ်ကောင်စီတပ်၏ လက်ကျန်မြေမြှုပ်မိုင်းကို ဖြုတ်ယူရာတွင် ပေါက်ကွဲပြီး သေဆုံးသွားခဲ့ပါသည်။ 


ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ရက် နံနက်ပိုင်း (၁၀း၀၀) နာရီဝန်ကျင်းတွင် ထိုအမျိုးသား (၂) ဦးသည် ခလရ (၂၃)တပ်စခန်းအနီးတွင် စစ်ကောင်စီတပ်ထောင်ထားသည့် လက်ကျန်မြေမြုပ်မိုင်းတစ်လုံးကို သွားရောက်ဖြုတ်ယူခဲ့ပါသည်။




ထိုမိုင်းပေါက်ကွဲမှုကြောင့် အသက် (၃၀)နှစ်အရွယ် ကျော်ဇေယျဦး နှင့် အသက် (၃၂) နှစ်အရွယ် ဖိုးသားဆိုသူတို့ သေဆုံးသွားခဲ့ပါသည်။ ၎င်း၏ ရုပ်အလောင်းများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ သီပေါမြို့နယ် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ သီပေါဆေးရုံသို့ ပိုဆောင်ပေးခဲ့ပါသည်။


အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ရက် သီပေါမြို့နယ် မန်ကောင်းကျေးရွာတွင်နေထိုင်သော အမျိုးသားတစ်ဦးသည် ယခင်စစ်ကောင်စီတပ် (၅၀၄)စခန်းအနီးတွင် မိုင်းနင်းမီပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် အမျိုးသား(၂) ဦးသည် စစ်ကောင်စီတပ်၏ လက်ကျန်မြေမြှုပ်မိုင်းကို ဖြုတ်ယူရာတွင် ပေါက်ကွဲပြီး သေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်