နမ္မတူမြို့နယ်တွင် ဖယောင်းတိုင်ထွန်းထားရာမှ နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွား
နမ္မတူ၊ ဇန်နဝါရီလ ၂၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၄)နယ်မြေ၊ နမ္မတူမြို့နယ် ခိုဖိတ်ကျေးရွာတွင် ဖယောင်းတိုင်ထွန်းထားရာမှ နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ရက် ည (၈း၀၀)နာရီအချိန်တွင် ဦးတာအေးဝင်သည် ဘုရားစင်ပေါ် ဖယောင်းတိုင်မီးထွန်းပူဇော်ထားရာမှ မီးကူးစက်ပြီး လောင်ကျွမ်းသွားခဲ့သည်။
နေအိမ်အတွင်း အိမ်သုံးပစ္စည်းများနှင့် ဆန်စပါးများအပါအဝင် ဆုံးရှုံးမှုကာလတန်ဖိုး စုစုပေါင်း ကျပ်ငွေ (၂၁)သိန်းကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားနေစဥ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်တပ်ဖွဲ့၏ မီးသတ်ကား (၂)စီးနှင့် ပြည်သူလုထူများ ဝိုင်းဝန်းပြီး မီးငြိမ်းသတ်ပေးခဲ့သည်။
ထိုအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ရက်တွင်လည်း နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာတွင် မီးဖိုဆောင်မှ မီးအကြွင်းကျန်ကတစ်ဆင့် နေအိမ်(၁)လုံး မီးလောင်သွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ