နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာရှိ ဒေသခံနေအိမ် (၂၀)ခန့် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး
နောင်ချို၊ ဇန်နဝါရီလ ၂၆ ရက်
တအာင်းပြည်တသင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာရှိ ဒေသခံနေအိမ် (၂၀)ခန့် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးသွားခဲ့သည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်တစ်ကြိမ်၊ ဇန်နဝါရီလ ၁၉ ရက်တစ်ကြိမ်နှင့် ယနေ့ ဇန်နဝါရီလ ၂၆ ရက် ညနေ (၅း၃၀)အချိန်တွင် တစ်ကြိမ် စုစုပေါင်း (၃)ကြိမ် လာရောက်မီးရှို့ဖျက်ဆီးသွားခဲ့ပြီး စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ဒေသခံနေအိမ် (၂၀)ခန့် ဖျက်ဆီးသွားခဲ့သည်။
လွန်ခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်တွင်လည်း နောင်ချိုမြို့ ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၈)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ