မန်ကောင်းရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ
သီပေါ၊ ဇန်နဝါရီလ ၂၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ် မန်ကောင်းကျေးရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ရက် ည (၈း၀၀)နာရီအချိန်တွင် အသက် (၃၄)နှစ်အရွယ် ဦးဆိုင်လီနော်ဆိုသူသည် ယခင်စစ်ကောင်စီတပ် ခမရ (၅၀၄)တပ်စခန်းအနီးတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
ထိုမိုင်းပေါက်ကွဲမှုကြောင့် ၎င်း၏ လက်နှစ်ဖက် လက်ချောင်းများ ပြတ်ထွက်ခဲ့ပြီး မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၇ရက်လည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာတွင် ဦးအိုက်ဆိုင်သည် ခြံအတွင်းမြက်ရှင်းနေချိန် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ