မန်အောင်ကျေးရွာတွင် TLECမှ ဦးစီးပြီး စုံညီပွဲတော်နှင့် ဆုပေးပွဲကျင်းပပြီးစီးခဲ့
နမ့်ခမ်း၊ ဇန်နဝါရီလ ၁၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာတွင် Taang Land Education Council-TLECမှ ဦးစီးပြီး စုံညီပွဲတော်နှင့် ဆုပေးပွဲအား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ရက်တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
အဆိုပါစုံညီပွဲတော်နှင့် ဆုပေးပွဲတွင် နံနက် (၉:၀၀)နာရီစတင်ပြီး TLECမှ တာဝန်ရှိသူများ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ကျေးရွာဥက္ကဌများမှ တတ်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။
သက်ဆိုင်ရာပုဂ္ဂိုလ်အသီးသီးမှ အမှာစကားပြောကြားပြီးနောက် ကျောင်းသား/သူများအား စရိတ္တထူးချွန်းဆု (၁)ဆု၊ စာပေထူးချွန်းဆု (၄၄)ဆု၊ တိုင်းရင်းသားစာပေထူးချွန်းဆု (၃၃)ဆုချီးမြှင့်ပေးခဲ့သည့်အပြင် အောင်ဘာလေကံစမ်းပွဲနှင့် ကျောင်းသား/သူများမှ အကများ ဖျော်ဖြေပေးခဲ့ကြသည်။
၎င်းအခမ်းအနားကို TLECမှ တာဝန်ရှိသူများ၊ PSLF/TNLA ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ မိဘပြည်သူများနှင့် ကျောင်းသား/သူများအပါအဝင် စုစုပေါင်းလူဦးရေ ၁ထောင်ကျော် တက်ရောက်ခဲ့ကြသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ