759

(၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် PSLF/TNLAမှ အကျဉ်းသား (၅၅)ဦး လွှတ်ငြိမ်းချမ်းသာခွင့်ပေး၊ (၅၄)ဦး ပြစ်ဒဏ်လျော့ပေါ့ပေး

ဒေသတွင်းသတင်း / ဒေသတွင်း
12 January 2025

(၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် PSLF/TNLAမှ အကျဉ်းသား (၅၅)ဦး လွှတ်ငြိမ်းချမ်းသာခွင့်ပေး၊ (၅၄)ဦး ပြစ်ဒဏ်လျော့ပေါ့ပေး


တအာင်းပြည်၊ ဇန်နဝါရီလ ၁၂ရက်

ယနေ့ကျရောက်သော (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် PSLF/TNLAမှ အကျဉ်းသား (၅၅)ဦး လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄)ဦး ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ပါသည်။


ထိုအကျဥ်းသားများသည် တအာင်းပြည်အတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်မှုကျူးလွန်၍  အကျဥ်းကျနေသူများဖြစ်ပြီး ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအဘုင်မှ လက်မှတ်ထိုး လွှတ်ငြိမ်းပေးခဲ့သည်။


ပြစ်မှုများစွာကျူးလွန်၍ အကျဥ်းထောင်အသီးသီးတွင် နှစ်ရှည်ထောင်ကျနေရသူများကိုလည်း တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအနေဖြင့် ပြစ်ဒဏ်လျော့ပေါ့ပေးပြီး လွှတ်ငြိမ်းစေ့ရန် လပိုင်းသာလိုအပ်နေသည့် အကျဥ်းသားကိုလည်း လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။


အဆိုပါ အကျဉ်းသားများသည် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု၊ အမျိုးသမီးများအပေါ် ကျူးလွန်မှု၊ အကြမ်းဖက်မှု၊ လူသတ်မှု၊ လူကုန်ကူးမှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများ ကျူးလွန်ထားကြသူများ ဖြစ်ကြပါသည်။


ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် (၆၁)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် PSLF/TNLAမှ အကျဉ်းသား (၂၃၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၆၀)ဦးအား ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် PSLF/TNLAမှ အကျဉ်းသား (၅၅)ဦး လွှတ်ငြိမ်းချမ်းသာခွင့်ပေး၊ (၅၄)ဦး ပြစ်ဒဏ်လျော့ပေါ့ပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်