720

အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်ပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
04 January 2025

အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်ပပြီးစီး


တအာင်းပြည်၊ ဇန်နဝါရီလ ၄ ရက်
တအာင်းပြည်သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သည့် တအာင်းပြည်တစ်နေရာတွင် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးစီးဖွင့်လှစ်ထားသည့် အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ရက်တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။





ထိုသင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် (၉း၀၀)နာရီမှ နေ့လယ် (၁၂း၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး ဒုဥက္ကဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ၁၀၂၇ စစ်ဆင်းရေးအတွင်း မြို့နယ် (၁၂)မြို့လည်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါသည်။ ထိုကြောင့် မြို့နယ်များကို အုပ်ချုပ်သည့်နေရာတွင် အုပ်ချုပ်ရေးဌာနသည် အလွန်အရေးပါသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ သင်တန်းဆင်းသွားသည့် ကျောင်းသားတို့သည် အစိုးရတစ်ခု၏ ကိုယ်လက်အစိတ်အပိုင်းများဖြစ်‌ ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။





အုပ်ချုပ်ရေးသင်တန်းကျောင်းသည် ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီး  ဘာသာရပ်အမျိုးစား ၃ ခုခွဲခြားထားကာ Personal Capacity Building၊ Basic Politic၊ အုပ်ချုပ်ရေးလုပ်ငန်းနှင့် ဆိုင်သောဘာသာရပ်များ၊ ရဲလုပ်ငန်း နှင့် ဆိုင်သောဘာသာရပ်များကို အဓိက သင်ကြား‌ပေးခဲ့ပြီး ကွင်းဆင်းပြီး လက်တွေ့လုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။




ထိုသင်တန်းကျောင်းသည် သင်တန်းသား (၅၅)ဦးဖြင့် တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကို အုပ်ချုပ်ရေးနှင့် တရားဥပ‌ဒေစိုးမိုးရေးနေရာတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။






ထိုကျောင်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ (၁) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၏ မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်၊ (၂) အနာဂါတ် တအာင်းပြည် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ရဲချုပ်များ မွေးထုတ်ပေးနိုင်ရန်၊ (၃) ပြည်သူ့ဗဟိုပြု ကောင်းမွန်သောအုပ်ချုပ်ရေးယန္နရား တည်ဆောက်နိုင်ရန်၊ (၄) အုပ်ချုပ်ရေးလုပ်ငန်းများနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို စနစ်တကျဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန်ဖြစ်သည်။





အုပ်ချုပ်ရေးကျောင်း အပတ်စဥ် (၁) ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်ပေးခဲ့ပြီး သင်တန်းသား  (၅၄) ဦး တက်ရောက်သင်ကြားပြီးစီးခဲ့ပါသည်။ ထိုသင်တန်းသားများသည် လက်ရှိအချိန်တွင် ရုံးချုပ်ရုံးအုပ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ရုံးအုပ်များ၊ မြို့နယ်တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့များနှင့် အထူးတပ်ဖွဲ့မှူးနေရာများတွင် တာဝန်အသီးသီးဖြင့် ထမ်းဆောင်လျက်ရှိသည်။






ထိုသင်တန်းဆင်းပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုက္ကဌ (၁) ဒုတိယဗိုလ်ချူပ်ကြီး တားဂျုတ်ဂျား၊ ဒုက္ကဌ (၂) ဗိုလ်ချုပ် တားခူရ်လာင်း၊ ဗိုလ်မှူးချူပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးချုပ် တားနော်ရိူန်း၊ဗဟိုအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဇာရ်၊ဗိုလ်မှူးကြီး တားကုင်ခြီရ်၊ အရာရှိ အရာခံများ၊ ရဲဘော်များ၊ ကျောင်းသားများနှင့်  မိဘပြည်သူလူထုများ အပါအဝင် စုစုပေါင်းလူဦးရေ (၂၀၀) နီးပါး တက်ရောက်ခဲ့ပါသည်။



#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: အုပ်ချုပ်ရေးသင်တန်းကျောင်း (Administrative School) အပတ်စဥ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်ပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်