719

နောင်ချိုမြို့နယ် ဆီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
03 January 2025

နောင်ချိုမြို့နယ် ဆီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်

နောင်ချို၊ ဇန်နဝါရီလ ၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၂)၊ နောင်ချိုမြို့နယ်၊ ဆီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။




ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက် ည (၉း၀၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဆီစုံကျေးရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးလာရောက်ကြဲချပြီး ကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးသွားခဲ့သည်။

အလားတူ ဇန်နဝါရီလ (၁)ရက် နံနက်အစောပိုင်း (၁း၀၀)နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်စခန်းမှ ဆမ္မဆယ်ကျေးရွာဘက် လက်နက်ကြီး (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။





ထိုလက်နက်ကြီး (၄)လုံးသည် ဦးတင်လှနှင့် ဒေါ်ခင်ပြုံးတို့အိမ်ပေါ် (၁)လုံး၊ မတင်ခိုင်နှင့် ဦသောင်းလင်းတို့အိမ်ပေါ် (၁)လုံး၊ ဂန့်ကော်ကျေးရွာနှင့် ဆမ္မဆယ်ကျေးရွာကြားရှိ ချောင်းစိမ်းရထားလမ်းဘက်တွင် (၁)လုံးနှင့် ကျေးရွာအပြင်ဘက်တွင် (၁)လုံး ကျရောက်ပေါက်ကွဲခဲ့ပါသည်။




ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၀)ရက်တွင် စစ်ကောင်စီတပ်သည် ဆမ္မကျေးရွာတွင် လက်နက်ကြီးကြောင့် ကျေးရွာအတွင်းရှိ အမှတ် (၁) သကြားစက်ရုံဝန်းတွင် (၁)လုံး၊ စက်ရုံဘေးတွင် (၂)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး ထိမှန်ဒဏ်ရာရရှိသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့နယ် ဆီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်