ကျောက်မဲ နှင့် သီပေါအကြား အမျိုးသားတစ်ဦး သေနတ်ထောက် ဓားပြတိုက်ခံရ
သီပေါ၊ ဇန်နဝါရီလ ၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲနှင့် သီပေါအကြား ကျင်တီကျေးရွာအနီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ(၂၇) ရက်နေ့၌ အမျိုးသားတစ်ဦး ဓားပြတိုက်ခံလိုက်ရသည်။
ဓားပြတိုက်ခံလိုက်ရသည့် အမျိုးသားသည် သီပေါမြို့၊ မြန်မာရပ်ကွက် နယ်မြေ (၁)တွင် နေထိုင်သည့် ဦးဖေသိန်းဆိုသူဖြစ်ပြီး ကျောက်မဲမြို့မှ သီပေါမြို့သို့ ပြန်လာစဥ် မွန်းလွဲ(၁း၃၀)အချိန်တွင် ဓားပြတိုက်ခံရခြင်းဖြစ်သည်။
ဓားပြတိုက်မှု ဖြစ်စဥ်တွင် အမျိုးသား (၃)ဦးမှ သေနတ်ဖြင့်ချိန်ရွယ်ကာ ၎င်းမောင်းနှင်လာသည့်ကားအား တားဆီးပြီး FORD အမျိုးအစားယာဥ်အား ဓားပြတိုက် ယူဆောင်သွားခဲ့သည်။
ဓားပြတိုက်မှု ကျူးလွန်သည့် တရားခံများအား PSLF/TNLA၏ သီပေါမြို့နယ် ရဲတပ်ဖွဲ့မှ အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ