716

ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒသီရိ၏ အန္တိမအဂ္ဂိစျာပနအခမ်းအနားကို PSLF/TNLA ဒုဥက္ကဌ နှင့် စစ်ဦးစီးချုပ်တို့ သွားရောက်ဖူးမျှော်

ဒေသတွင်းသတင်း / ဒေသတွင်း
31 December 2024

ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒသီရိ၏ အန္တိမအဂ္ဂိစျာပနအခမ်းအနားကို PSLF/TNLA ဒုဥက္ကဌ နှင့် စစ်ဦးစီးချုပ်တို့ သွားရောက်ဖူးမျှော်


မန်တုံ၊ ဒီဇင်ဘာ ၃၁ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၃)နယ်မြေ၊ဟင်းဟောင်းကျေးရွာတွင်  ဆရာတော်ဘဒ္ဒန္တနန္ဒသီရိ၏ အန္တိမအဂ္ဂိစျာပနအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။




အန္တိမအခမ်းအနားသို့ PSLF/TNLA ဒုဥက္ကဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား(တားဇိုက်ဇား)၊ ဒုဥက္ကဌ (၂) ဗိုလ်ချုပ် တားခူးလန်း(တားခူရ်လာင်း)၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်(တားဟိူဝ်ပ္လါင်)နှင့် ဌာနဆိုင်ရာထိပ်ပိုင်းခေါင်းဆောင်များကသွားရောက်ဖူးမျှော်ခဲ့ကြသည်။





ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒသီရိမဟာထေရ်မြတ်သည် သက်တော် (၈၉)နှစ်၊ သိက္ခာတော် (၆၉)ဝါဖြင့် ၁၃၈၆-ခုနှစ် တော်သလင်းလဆန်း (၈)ရက် အင်္ဂါနေ့ ညနေ (၄း၃၀)အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။




ဆရာတော်ဘဒ္ဒန္တနန္ဒသီရိသည် ဖခမည်းတော် ဦးဆိုင်ဟိန်းနှင့် မယ်တော်ဒေါ်မာကိန်းတို့မှ ၁၂၉၇-ခုနှစ်တွင်ဖွားတော်မူခဲ့ပြီး မွေးချင်း ၅ ဦးအနက် ဒုတိယသားဖြစ်သည်။ ဆရာတော်သည် ဟင်းဟောင်းကျေးရွာ ဇေတဝန်ကျောင်းတွင်ကျောင်းထိုင်ဆရာတော်အဖြစ် ၅၇ နှစ်တိုင်တိုင်သာသနာ့ဝန်ကိုထမ်းဆောင်တော်မူခဲ့သည်။





ဆရာတော်၏ ဥတုဇကလာပ်တော်ကို ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တွင်လှည့်လည်အပူဇော်ခံခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့တွင် မီးသဂြိုလ်ခဲ့သည်။


ဆရာတော်၏အန္တိမအဂ္ဂိစျာပနပူဇော်ပွဲကိုကျေးရွာအသီးမှတပည့်ဒါယကာ၊ဒါယိကာမတို့ကလာရောက်ဖူးမျှော်ခဲ့ကြပြီး စျာပနပွဲဖြစ်မြောက်ရေးအတွက်  ဒုဗိုလ်မှူးကြီးတားမဝါဝ်းမှ မတည်လှူဒါန်းခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒသီရိ၏ အန္တိမအဂ္ဂိစျာပနအခမ်းအနားကို PSLF/TNLA ဒုဥက္ကဌ နှင့် စစ်ဦးစီးချုပ်တို့ သွားရောက်ဖူးမျှော်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်