တအာင်းပြည် ကျန်းမာရေးကောင်စီ -THC မှ PSLF/TNLA အုပ်ချုပ်ထားသည့် နယ်မြေအတွင်း BCG ကာကွယ်ဆေး ထိုးပေးနေ
တအာင်ပြည်၊ ဒီဇင်ဘာလ ၂၈ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် ကျန်းမာရေးကောင်စီ-THCမှ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ထားသည့် နယ်မြေများတွင် ပထမဆုံးအကြိမ်ဖြင့် တစ်နှစ်ခွဲအောက်ကလေးငယ်များအား BCG ကာကွယ်ဆေး အခမဲ့ထိုးပေးနေပြီဖြစ်သည်။
ကွတ်ခိုင်မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ရက်က THC မှ ကလေးငယ်များကို BCG ကာကွယ်ဆေးစတင်ထိုးပေးပြီးနောက် နမ်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုးမိတ်၊ မိုးကုတ်မြို့နယ်အတွင်း ကာကွယ်ဆေးများ ဆက်လက်ထိုးပေးသွားမည်ဖြစ်သည်။
BCG ကာကွယ်ဆေးသည် ဦးနှောက်တီဗီနှင့် လူးစေ့တီဗီရောဂါများကို ကာကွယ်ပေးသည့် ဆေးတစ်မျိုးဖြစ်ပြီး ဆေးထိုးပြီးပြီးခြင်း ကလေးငယ်များသည် ဖျားနားတက်ပြီး ဆေးထိုးထားသည့် နေရာကို အခြားဆေးများ ထပ်မံမလိမ်းမိရန် လိုအပ်သည်။
တအာင်းပြည် ကျန်းမာရေးကောင်စီမှ-THCသည် (၅)ရက်အတွင်း တအာင်းပြည်ရှိ ကလေးငယ် (၁၀၁၆)ဦး ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်သည်။ BCG ကာကွယ်ဆေးအား ယခုလ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထိုးပေးသွားမည်ဖြစ်သည်။
တအာင်းပြည်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကလေးငယ်များအား BCG ကာကွယ်ဆေးထိုးပေးနိုင်ရန် နီးစပ်ရာကျန်းမာရေးဆေးရုံးများသို့ သွားရောက်ထိုးနှံနိုင်ကြောင်း အသိပေးအပ်ပါသည်။
ထို့နောက် လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအတွင်း တအာင်းပြည် ကျန်းမာရေးကောင်စီ-THCမှ တအာင်းပြည်ရှိ တစ်နှစ်ခွဲအောက်ကလေးငယ်များကို ကာကွယ်ဆေး (၇)မျိုး ထိုးပေးသွားနိုင်ရန် ကြိုးစားသွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်းကြားရေးဌာန
မှတ်ချက်များ