တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီး
တအာင်းပြည်၊ ဒီဇင်ဘာလ ၂၈ ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သည့် တအာင်းပြည်တစ်နေရာတွင် တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
အခမ်းအနားကို နံနက်(၉:၃၀)နာရီမှ (၁၁:၀၀)နာရီအထိ ပြုလုပ်ခဲ့ပြီး PSLF/TNLA ၏ ရဲချုပ် ဗိုလ်မှူးကြီး တားကုင်ခြီရ်မှ တအာင်းပြည်တွင် အမှုစစ်ဆေး အရာရှိပုလိပ်များ နည်းပါးသောကြောင့် အမှုများ ကြံ့ကြာခြင်း၊ သက်သေပျောက်ဆုံးခြင်းများ များပြားသောကြောင့် ဤအရာရှိများသည် အမှုများကို ကောင်းမွန်စွာ တည်ဆောက်ပြီး တရားစီရင်ရေးသို့ ပို့ဆောင်ပြီး အမှုတစ်ခုလိုက်လျှင် မှန်ကန်မှုရှိမရှိ စစ်ဆေးနိုင်ရမည်ဟု အမှာစကားပြောကြားခဲ့သည်။
ထိုအပြင် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းသိရှိရမည်ဖြစ်သလို သေမှုသေခင်းဖြစ်ပွားလျှင်လည်း အချက်အလက်မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးနိုင်ရမည်ဟု ထည့်သွင်းပြောကြားသွားသည်။
ထိုသင်တန်းတွင် ရာဇသတ်ကြီးဥပဒေ၊ ယာဉ်ထိန်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ ရဲကျင့်ဝတ်၊ သက်သေခံဥပဒေ၊ ရဲစခန်းမှတ်ပုံတင်ခြင်းနှင့် ပုံစံများရေးသွင်းခြင်း၊ အမှုစစ်လက်စွဲ၊ အများအပေါ်သုံးသပ် ဖော်ထုတ်ခြင်း၊ နယ်ထိန်း၊ မှုခင်းဆိုင်ရာဆေးပညာ ဘာသာရပ်များကို ကျွမ်းကျင်ဆရာများမှ သင်ကြားပို့ချပေးခဲ့သည်။
သင်တန်းကာလက (၂)လကျော် ကြာမြင့်ခဲ့ပြီးသင်တန်းသား (၃၀) ဦး တတ်ရောက်ခဲ့သော်လည်း အကြောင်းမျိုးမျိုးကြောင့် သင်တန်းသား (၂၅)ဦးသာ သင်တန်းပြီးမြောက်သည့်အထိ တတ်ရောက်နိုင်ခဲ့သည်။
အဆိုပါ အခမ်းအနား၌ ဗိုလ်မှူးကြီး တားကုင်ခြီရ်၊ ဗိုလ်မှူး တားရူစီင်၊ ဗိုလ်မှူး တားလှာညိူဝ်း စသည့်အရာရှိအခံများ၊ ဒေသခံပြည်သူလူထုနှင့် ကျောင်းသားများအပါအဝင် စုစုပေါင်းလူဦးရေ (၁၀၀) ကျော်တတ်ရာက်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ