မိုင်းဝီးတွင် PSLF/TNLA၏ မီးသတ်တပ်ဖွဲ့မှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်များဆောင်ရွက်
နမ့်ခမ်း၊ ဒီဇင်ဘာလ ၂၇ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုအတွင်း PSLF/TNLA ၏ မီးသတ်တပ်ဖွဲ့မှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်များ လိုက်လံပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မိုင်းဝီးကျေးရွာအုပ်စု တွန်ဟုန်းကျေးရွာတွင်သော်လည်းကောင်း၊ ဒီဇင်ဘာလ ၂၄ရက်တွင် ပန်ဟန်ကျေးရွာတွင်သော်လည်းကောင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးတစ်ရပ်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် PSLF/TNLA ၏ မိုင်းဝီး မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက လာမည့်နွေရာသီကာလအတွင်း မီးလောင်မှုများ မဖြစ်ပွားစေရန် ပြည်သူလုထုများအား ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဥ်များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းတွင် လိုက်နာလုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များသည် မီးချိတ်၊ မီးကပ်နှင့် ရေပုံးများ အိမ်တိုင်း ထားရှိရန်လိုအပ်ကြောင်း၊ ကျေးရွာအလိုက် ရေကန်တစ်ကန်နှင့် ရေစုပ်စက်များ ထားရှိရမည်ဖြစ်သည်။
၎င်းအပြင် ဆိုင်ကယ်စီးလျှင် လိုက်နာရမည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလည်း ချမှတ်ထားကာ လိုက်နာမှု မရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ