မူဆယ်တွင် ရွှေလီမြစ်အတွင်း အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးနေ
မူဆယ်၊ ဒီဇင်ဘာလ ၂၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ (၁)နယ်မြေ၊ မူဆယ်မြို့အနီးရှိ ရွှေလီမြစ်အတွင်း အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးသွားခဲ့သည်။
လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့က နောင်ဆိုင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ရွှေလီမြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ပါသည်။
၎င်းရေနစ်ပျောက်ဆုံးသွားသည့်နေရာတွင် နှလုံးလှ လူမှုကူညီရေးအသင်းနှင့် HMS လူမှုကူညီရေးအသင်းတို့မှ (၂)ရက်ဆက်တိုက် သွားရောက်ရှာဖွေခဲ့သော်လည်း လက်ရှိအချိန်ထိ ၎င်းရုပ်အလောင်းကို ရှာမတွေ့သေးပေ။
အဆိုပါ ရွှေလီမြစ်အတွင်း ရေဆင်းကူးခြင်းနှင့် ရေဆော့ကစားခြင်းကြောင့် ရေနစ်သေဆုံးမှုမကြာခဏဖြစ်ပွားလေ့ရှိပြီး အလောင်းများ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။
အလားတူ ဒီဇင်ဘာလ ၂၁ရက်ကလည်း နမ့်ခမ်းမြို့နှင့် ကချင်ပြည်နယ်၊ မန့်ဝိန်ကြီးသို့ ဆက်သွယ်သွားသည့် ရွှေလီကြိုးတံတားပေါ်တွင် အမည်မသိအမျိုးသားတစ်ဦး ခုန်ချအဆုံးစီရင်ခဲ့ပြီး ယနေ့အချိန်ထိ ၎င်း၏အလောင်းရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ