703

မိုးကုတ်မြို့နယ် (၇)မိုင်ကျေးရွာတွင် နေအိမ်(၁)လုံး ဓါးပြတိုက်ခံရ

ဒေသတွင်းသတင်း / ဒေသတွင်း
25 December 2024

မိုးကုတ်မြို့နယ် (၇)မိုင်ကျေးရွာတွင် နေအိမ်(၁)လုံး ဓါးပြတိုက်ခံရ


မိုးကုတ်၊ ဒီဇင်ဘာလ ၂၅ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ(၂)နယ်မြေ၊ မိုးကုတ်မြို့နယ်၊ (၇)မိုင်ကျေးရွာတွင် နေအိမ် (၁)လုံး ဓါးပြတိုက်ခံခဲ့ရပါသည်။





ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အမည်မသိလူ (၂)ဦးသည် သေနတ်(ပစ်စတို) တစ်ယောက်တစ်လက် ကိုင်ဆောင်ပြီး ( ၇)မိုင်ကျေးရွာရှိ နေအိမ် (၁)အိမ်ကို ဓါးပြဝင်တိုက်ခဲ့ပြီး နေအိမ်အတွင်းရှိ စိန်ရွေရတနာများကို ယူဆောင်းသွားခဲ့သည်။


အဆိုပါ အမျိုးသား ၂ ဦးသည် စစ်ဝတ်စုံနှင့်တူသော အဝတ်အစားကို တစ်ယောက်ဝတ်ဆင်ထားပြီး နောက်တစ်ဦးသည် အရပ်ဝတ်ကိုသာ ဝတ်ဆင်ထားပါသည်။ ၎င်းစစ်ဝတ်စုံသည် မည်သည့်အဖွဲ့အစည်းဖြစ်ကြောင်း PSLF/TNLA တရားဥပဒေစိုးမိုး‌ရေးတပ်ဖွဲ့မှ စုံစမ်းနေဆဲဖြစ်ပါသည်။ 





ဓါးပြတိုက်ခံရသည့်နေအိမ်သည်  ဦးဂျဲတ်ဂတ်ဗဟာဒူး၏ နေအိမ်ဖြစ်ပြီး ရွှေ ၂၀ကျပ်သား၊ စိန်လက်စွပ် ၅ ကွင်း၊ ကျောက်စိမ်း ၂ လုံး၊ ချယ်အပွင့်နားကပ် ၁ ခု၊ ရံရွှေနားကပ် ၁ ခု၊ ကျောက်နှစ်လိုင်းပါလက်စွပ် ၁ ကွင်း၊ ကျောက် ၁ ထုပ်၊ ဖုန်း ၁ လုံးနှင့် ဆိုင်ကယ် ၁ စီး စသည့်ပစ္စည်းများကို ယူဆောင်းသွားခဲ့သည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏ မိုးကုတ်မြို့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ၎င်းဓါးပြတိုက်မှုနှင့်ပတ်သတ်ပြီး ပြစ်မှုကျူးလွန်သူများကို  အမြန်ဆုံးစုံစမ်းဖော်ထုတ်နိုင်ရေး လုပ်ဆောင်နေပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်မြို့နယ် (၇)မိုင်ကျေးရွာတွင် နေအိမ်(၁)လုံး ဓါးပြတိုက်ခံရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်