702

မိုးမိတ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရောင်းဝယ်မှုကို အကြောင်းပြပြီး ကျောင်းသားတပ်မတော်(ABSDF)တပ်ဖွဲ့ဝင်များက ဒေသခံ ၂ ဦးကို ရိုက်နှက်

ဒေသတွင်းသတင်း / ဒေသတွင်း
25 December 2024

မိုးမိတ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရောင်းဝယ်မှုကို အကြောင်းပြပြီး ကျောင်းသားတပ်မတော်(ABSDF)တပ်ဖွဲ့ဝင်များက ဒေသခံ ၂ ဦးကို ရိုက်နှက်

မိုးမိတ်၊ ဒီဇင်ဘာလ ၂၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရောင်းဝယ်မှုကို အကြောင်းပြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ဒေသခံ ၂ ဦးအား ရိုက်နှက်ခဲ့သည်။

ဖြစ်စဥ်တွင် မန်တုံမြို့နယ် ဘောဒေကျေးရွာရှိ အသက် (၅၀)နှစ်အရွယ် ဦးလှအောင်အား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲဖမ်းဆီးခဲ့ပြီး ၎င်း၏ ခြေသလုံးများပုတ်ပွသည်အထိ ရိုက်နှက်ခဲ့ပါသည်။

၎င်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးထားပြီး ဒီဇင်ဘာလ ၁၁ ရက်မှ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မန်တုံမြို့နယ် ချမ်းပေါင်ကျေးရွာနေ ဦးဝေါ်ဆီးကိုလည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ခြေထောက်၊ တင်ပါး၊ ပေါင်များတွင် ညိုမည်းသည်အထိ ရိုက်နှက်ခဲ့ပါသည်။

၎င်းကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့ကဖမ်းဆီးထားခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၏ ခံဝန်ဂတိနှင့်အတူ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးမိတ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရောင်းဝယ်မှုကို အကြောင်းပြပြီး ကျောင်းသားတပ်မတော်(ABSDF)တပ်ဖွဲ့ဝင်များက ဒေသခံ ၂ ဦးကို ရိုက်နှက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်