တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် ပွဲစားမှ ခေါ်ယူထားသည့် အလုပ်သမား (၅၀၀)ကျော် မူဆယ်တွင်ပိတ်လှောင်ထားခံရ
မူဆယ်၊ ဒီဇင်ဘာလ ၂၅ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ (၁)နယ်မြေ၊ မြန်မာ-တရုတ်နယ်စပ် စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် အလုပ်လုပ်ရန် ပွဲစားမှ ခေါ်ယူထားသည့် အလုပ်သမား (၅၀၀)ကျော်သည် အလုပ်မရပဲ မြို့တွင်း ပိတ်မိပြီး အခက်ကြုံတွေ့နေကြရသည်။
မြန်မာ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်းစျေးနှုန်းမြင့်တက်မှုနှင့် အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ ပြည်သူများကို ပွဲစားမှ တစ်ဆင့် တရုတ်နိုင်ငံတွင် အလုပ်ကောင်း လစာကောင်းရရှိမည်ဖြစ်ကြောင်း မက်လုံးပေးအယုံသွင်းပြီး အလုပ်သမား (၅၀၀) ကျော်ခေါ်ယူထားခဲ့သည်။
အဆိုပါပွဲစားမှ ခေါ်ဆောင်လာသည့် လူ(၅၀၀)ကျော်တွင် အသက် (၂၀)ကျော်အရွယ် အမျိုးသမီးအများဆုံးပါဝင်ပြီး ၎င်းတို့ကို မူဆယ်မြို့တွင်းရှိ သိန်းသန်းချီ ကားကြီးကွင်းဂိုဒေါင်းတွင် ပိတ်လှောင်ခံထားရသည့်အပြင် ရပ်ကွက်အချို့ရှိ ဂိုဒေါင်းများတွင်လည်း အများအပြားပိတ်လှောင်ခံထားရသည်။
ထိုသို့ပိတ်လှောင်ခံထားရသူများသည် (၃)လကျော်သည့် ယနေ့အချိန်ထိ အလုပ်မရရှိသေးဘဲ ပိတ်လှောင်ခံထားရဆဲ ဖြစ်သည်။
လက်ရှိတွင် အလုပ်ပွဲစားမှ ၎င်းတို့ကို ဂိုဒေါင်းအတွင်းပိတ်လှောင်ထားပြီး အစားပုံမှန်မကျွေးဘဲ နေရပ်သို့ပြန်လိုသူများကိုလည်း လျော်ကြေး သိန်း(၆၀) တောင်းနေသည်။
ပိတ်လှောင်ခံထားရသူများအတွင်း ထွက်ပြေးလွတ်မြောက်လာသူအချို့ရှိသလို ကျန်ရစ်နေသူများသည်လည် လွတ်မြောက်ရန် အကူအညီမဲ့နေသည်။
ထိုဖြစ်ရပ်မျိုး ထပ်မံမကြုံရလေအောင် လူငယ်လူလတ်များ အထူးသတိပြုရန်လိုအပ်ပြီး အကယ်၍ တရုတ်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်လိုပါက ယုံကြည်စိတ်ချရသည့် ဆွေမျိုး (သို့) မိတ်ဆွေများရှိမှသာလျှင် သွားသင့်ပါသည်။
#PSlF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ