သီပေါမြို့တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်ထွက်
သီပေါ၊ ဒီဇင်ဘာလ ၂၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ပေါက်ကွဲကာ ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ရက် ညနေပိုင်း (၅း၀၀)နာရီအချိန်တွင် အသက် (၃၁)နှစ်အရွယ် ဦးစိုင်းသန်းကျော်သည် စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းအနီးတွင် သံတိုသံစ သွားရောက်ကောက်ယူနေစဥ် ယခင်စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
မိုင်းပေါက်ကွဲမှုကြောင့် ၎င်း၏ လည်ပင်၊ လက်နှင့် ခြေထောက်များတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ၎င်းကို လူမှုကူညီရေးအသင်းဖြစ်သည့် နယ်စည်းမခြားပရဟိတအသင်းမှ ဆေးခန်းသို့ ပို့ဆောင်ပြီး ဆေးကုသခံယူလျက်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့တွင်လည်း ဦးစိုင်းမြင့်ခိုင်သည် ၎င်းနေအိမ်ဝန်းကျင်တွင် သန့်ရှင်းရေးလုပ်နေစဉ် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းကို ဓားဖြင့် ခုတ်မိရာ ပေါက်ကွဲပြီး သေဆုံးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ