695

ကောင်းခါးမန်ပြိန်းကျေးရွာတွင် ကချင်လူငယ်နှင့် KIA တပ်ဖွဲ့ဝင်များက ဒေသခံများ၏ မီးသွေးကျင်းနှင့် ထင်းပုံများကို မီးရှို့ဖျက်ဆီး

ဒေသတွင်းသတင်း / ဒေသတွင်း
18 December 2024

ကောင်းခါးမန်ပြိန်းကျေးရွာတွင် ကချင်လူငယ်နှင့် KIA တပ်ဖွဲ့ဝင်များက ဒေသခံများ၏ မီးသွေးကျင်းနှင့် ထင်းပုံများကို မီးရှို့ဖျက်ဆီး

ကွတ်ခိုင်၊ ဒီဇင်ဘာ ၁၈ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးမန်ပြိန်း ကျေးရွာတွင် ကချင်လူငယ်များနှင့် ကချင်တပ်မတော် KIA တပ်ဖွဲ့ဝင်များက ဒေသခံများ၏ မီးသွေးကျင်းများနှင့် ထင်းပုံများကို မီးရှို့ဖျက်ဆီးသွားခဲ့ပါသည်။




မန်ပြိန်းကျေးရွာတွင် မီးသွေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံများနှင့် ထင်းခုတ် လုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံများအပေါ် ကျေးရွာကချင်လူငယ်များနှင့် ကချင်လွပ်မြောက်ရေးတပ်မတော်(KIO/KIA) တပ်ဖွဲ့ဝင်များမှ ဒေသခံများအပေါ် အဓမ္မငွေတောင်းခံခဲ့ကြသည်။





ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်တွင် KIA တပ်ဖွဲ့မှ မီးသွေးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေါ်ယာပွဲထံ ငွေတောင်းခံခဲ့ပြီး  ၎င်းတို့ထံ ငွေမပေးနိုင်သည့် ဒေါ်မာကြိမ်၊ ဦးညီကွယ်၊ ဦးအိုက်ချန်၊ ဦးကွန်ယွင်း၊ ဒေါ်အေကြာနှင့် ဦးအိုက်မြင့်တို့၏ မီးသွေးကျင်းများကို ဖျက်ဆီးပစ်ခဲ့ပြီး ဒေါ်ယာအမ်ဆာ၏ ထင်း(၄)လံကိုလည်း မီးရှို့ပျက်ဆီးသွားခဲ့သည်။

ယခုအချိန်ကာလသည် တရုတ်နိုင်ငံဘက်မှ မီးသွေး၊ ပြောင်း၊ ကြံ စသည့် ကုန်တင်သွင်းခွင့်ပိတ်ထားသဖြင့် မီးသွေးလုပ်ငန်းလုပ်ကိုင်ကြသည့် ပြည်သူများအနေဖြင့် မီးသွေးများရောင်းချနိုင်ခြင်းမရှိဘဲ စားဝတ်နေရေးအတွက် အခက်အခဲများကြုံနေကြရသည်။

ကွတ်ခိုင်မြို့နယ် ကောင်းခါးမန်ပြိန်းကျေးရွာတွင် ကျေးရွာနယ်နိမိတ်ကြား ပြဿနာဖြစ်ပွားလျက်ရှိပြီး ၎င်းပြဿနာမှာ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ပြေလည်စွာ ဖြေရှင်းပေးခဲ့ပြီးဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကောင်းခါးမန်ပြိန်းကျေးရွာတွင် ကချင်လူငယ်နှင့် KIA တပ်ဖွဲ့ဝင်များက ဒေသခံများ၏ မီးသွေးကျင်းနှင့် ထင်းပုံများကို မီးရှို့ဖျက်ဆီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်