690

နမ့်ခိုင်းတံတားအနီး ယာဥ်တိုက်မှုဖြစ်ပွားပြီး နှစ်ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
18 December 2024

နမ့်ခိုင်းတံတားအနီး ယာဥ်တိုက်မှုဖြစ်ပွားပြီး နှစ်ဦးဒဏ်ရာရ


ကွတ်ခိုင်၊ ဒီဇင်ဘာလ ၁၈ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၅) နယ်မြေ၊ ကွတ်ခိုင်မြို့နှင့် မိုင်းယုလေးလမ်းခွဲအကြားဆက်သွယ်ထားသည့် နမ့်ခိုင်းတံတားအနီးတွင် ကားတစ်စီးမှ အမျိုးသမီး (၁)ဦးကို ဝင်တိုက်မိရာ ကားတိမ်းမှောက်ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။





ဖြစ်စဥ်တွင် ဒီဇင်ဘာလ ၁၄ ရက် နံနက် (၉:၀၀)နာရီအချိန်တွင် နမ့်ဖတ်ကာမှ အရှိန်ဖြင့် မောင်းနှင်းလာသည့် ကိုးကန့် (MNDAA)တပ်ဖွဲ့ဝင် မောင်းနှင်လာသည့် မော်တော်ကားတစ်စီးသည် ပြည်ထောင်စုလမ်းမကြီးအနီး အင်တာနက်လိုင်းသုံးနေသည့် အမျိုးသမီး(၁)ဦးအား ဝင်တိုက်မိပြီး ဒဏ်ရာရရှိခဲ့သည်။





ထိုအမျိုးသမီးအား ဝင်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ ကားတိမ်းမှောက်မှုဖြစ်ပွားကာ ကားအတွင်းလိုက်ပါလာသည့်အမျိုးသမီး (၁)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


အဆိုပါ ကားတိုက်ခံရသည့် အသက် (၅၀)နှစ်အရွယ်  အမျိုးသမီးသည်  မိုင်းယုလေးအုပ်စု ပန်လော့ကျေးရွာတွင် နေထိုင်ပါသည်။ ထိုလူနာကိုလည်း  ကိုးကန့်တပ်မှ တာဝန်ယူဆေးကုသပေးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခိုင်းတံတားအနီး ယာဥ်တိုက်မှုဖြစ်ပွားပြီး နှစ်ဦးဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်